မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်

Myanmar Federation of Mining Associations

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား

Warso Robe Offering Ceremony 2026

Warso 2026 Ceremony - Image 1
ဓာတ်ပုံ 1/၁၉
Warso 2026 Ceremony - Image 2
ဓာတ်ပုံ 2/၁၉
Warso 2026 Ceremony - Image 3
ဓာတ်ပုံ 3/၁၉
Warso 2026 Ceremony - Image 4
ဓာတ်ပုံ 4/၁၉
Warso 2026 Ceremony - Image 5
ဓာတ်ပုံ 5/၁၉
Warso 2026 Ceremony - Image 6
ဓာတ်ပုံ 6/၁၉
Warso 2026 Ceremony - Image 7
ဓာတ်ပုံ 7/၁၉
Warso 2026 Ceremony - Image 8
ဓာတ်ပုံ 8/၁၉
Warso 2026 Ceremony - Image 9
ဓာတ်ပုံ 9/၁၉
Warso 2026 Ceremony - Image 10
ဓာတ်ပုံ 10/၁၉
Warso 2026 Ceremony - Image 11
ဓာတ်ပုံ 11/၁၉
Warso 2026 Ceremony - Image 12
ဓာတ်ပုံ 12/၁၉
Warso 2026 Ceremony - Image 13
ဓာတ်ပုံ 13/၁၉
Warso 2026 Ceremony - Image 14
ဓာတ်ပုံ 14/၁၉
Warso 2026 Ceremony - Image 15
ဓာတ်ပုံ 15/၁၉
Warso 2026 Ceremony - Image 16
ဓာတ်ပုံ 16/၁၉
Warso 2026 Ceremony - Image 17
ဓာတ်ပုံ 17/၁၉
Warso 2026 Ceremony - Image 18
ဓာတ်ပုံ 18/၁၉
Warso 2026 Ceremony - Image 19
ဓာတ်ပုံ 19/၁၉
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နံနက် ၁၀:၀၀ နာရီ အသင်းချုပ်ရုံး အစည်းအဝေး

မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် (ကြာသပတေးနေ့) နံနက် (၁၀:၀၀) နာရီအချိန်တွင် အသင်းချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အသင်းချုပ်၏ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အမှုဆောင်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားဖွင့်လှစ်ခြင်း

ဦးစွာဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ပိဋကတစ်ပုံခွဲဆောင်၊ မဟာဓမ္မကထိက ရွှေပြည်ဟိန်းဆရာတော်နှင့်သင်္ဃာတော်အရှင်သူမြတ် (၂) ပါးတို့ထံမှ အခမ်းအနားတက်ရောက်လာသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

တရားနာယူခြင်း

ဆက်လက်၍ ရွှေပြည်ဟိန်းဆရာတော်ထံမှ ချီးမြှင့်သည့်အနုမောဒနာတရားကို နာယူပွားများကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း

ထို့နောက် ရွှေပြည်ဟိန်းဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်တို့အား အခမ်းအနားတက်ရောက်လာကြသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။🙏

အခမ်းအနားအပြီးသတ်

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသည် ကျင်းပပြုလုပ်ခဲ့သည့်နေ့တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ အသင်းချုပ်မှ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အမှုဆောင်များနှင့် ဝန်ထမ်းများအပါအဝင် တက်ရောက်လာသူများအားလုံးသည် ကောင်းကျိုးခံစားကြပြီး သာဓကဖြစ်ပေါ်ခဲ့ပါသည်။