မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်

Myanmar Federation of Mining Associations

အသင်းချုပ်

ငလျင်ဘေးအလှူ

Earthquake Relief Donation

May 16, 2025
ငလျင်ဘေးအလှူ 34 ကြည့်ရှုမှု

ပုံပြခန်း

ပုံကို နှိပ်၍ အကြီးချဲ့ကြည့်နိုင်ပါသည်
1/10
အသင်းချုပ် May 16, 2025 34 စုစုပေါင်း
" ငလျင်ဘေးအလှူ" ယခုဖြစ်ပေါ်လျက်ရှိသော ငလျင်ဘေးအန္တရာယ်ကြောင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီ လိုအပ်နေသော ပြည်သူများအား မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်မှ အသင်းသားများအားလုံး စုပေါင်း၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ " သိန်း ၅၀ ကျပ် "၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ " သိန်း ၅၀ ကျပ်"၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့" သိန်း ၃၀ ကျပ် "၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ '' သိန်း ၃၀ ကျပ် "၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ '' သိန်း ၂၀ ကျပ်"၊ ရမည်းသင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ငလျင်ကယ်ဆယ်ရေးအဖွဲ့ " ၁၀ သိန်းကျပ် " နှင့် အသင်းချုပ်၏ ငလျင်ဘေးသင့်ခံစားနေရသော အသင်းသားများထံသို့ ငလျင်ဘေးအလှူငွေများကို ပါဝင်ကုသိုလ်ပြု လှူဒါန်းပေးခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသား ငလျင်ဘေးသင့်ပြည်သူများအနေဖြင့်လည်း ကပ်ကြီး(၃)ပါးမှ ကောင်းမွန်စွာ ကျော်လွှားနိုင်ကြကာ ဘေးဘယအပေါင်းမှ ဝေးကွာကြပါစေကြောင်း မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်မှ ဆုတောင်းမေတ္တာပို့သ ပေးလိုက်ပါသည်။