မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်

Myanmar Federation of Mining Associations

ဝါဆိုသင်္ကန်း

မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် (ကြာသပတေးနေ့)

မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် (ကြာသပတေးနေ့)

Jul 23, 2026
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် (ကြာသပတေးနေ့) 39 ကြည့်ရှုမှု

ပုံပြခန်း

ပုံကို နှိပ်၍ အကြီးချဲ့ကြည့်နိုင်ပါသည်
1/19
ဝါဆိုသင်္ကန်း Jul 23, 2026 39 စုစုပေါင်း
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် (ကြာသပတေးနေ့) နံနက် (၁၀:၀၀) နာရီအချိန်တွင် အသင်းချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အသင်းချုပ်၏ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အမှုဆောင်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ပိဋကတစ်ပုံခွဲဆောင်၊ မဟာဓမ္မကထိက ရွှေပြည်ဟိန်းဆရာတော်နှင့်သင်္ဃာတော်အရှင်သူမြတ် (၂) ပါးတို့ထံမှ အခမ်းအနားတက်ရောက်လာသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ရွှေပြည်ဟိန်းဆရာတော်ထံမှ ချီးမြှင့်သည့်အနုမောဒနာတရားကို နာယူပွားများကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် ရွှေပြည်ဟိန်းဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်တို့အား အခမ်းအနားတက်ရောက်လာကြသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။